Monday 20 June 2016

လလိတမုနိစေတီ ထီးတော်တင်ပွဲ ဗီဒီယိုမှတ်တမ်း (ပြုံးချို ဗီဒီယိုရိုက်ကူးရေး၊ ရန်ကုန်)

တုံးဖလား မရောက်ဖူးတဲ့သူတွေအတွက်
တုံးဖလားရောက်သွားသလို
ခံစားသွားစေရမယ်း)






အပိုင်း (၁)




အပိုင်း (၂)


အပိုင်း (၃)



အပိုင်း (၄)


အပိုင်း (၅)



အပိုင်း (၆)


အပိုင်း (၇)


အပိုင်း (၈)



အပိုင်း (၉ )




.

Monday 2 March 2015

တုံးဖလားရွာ၌ စာသင်ကျောင်း ပေါ်ပေါက်လာခြင်း

စုပေါင်းလုပ်အားဖြင့် စာသင်ကျောင်းတစ်ဆောင် ဖြစ်မြောက်ခဲ့လေပြီ။ မြို့ပြစာသင်ကျောင်းများကဲ့သို့ အဆင့်မြင့်မြင့် မဟုတ်သည့်တိုင် တောချိုတောကြားမှာတော့ အတော်ကလေး ကောင်းလှပြီဟု ဆိုရမည်ဖြစ်သည်။ မိတ်ဆွေများ စေတနာရှင်များ၏ ကူညီမှုဖြင့် မွေးရပ်မြေ၌ စာသင်ကျောင်းသစ်ကလေးကို မွေးဖွားနိုင်ခဲ့ခြင်း ဖြစ်လေ၏။

အမှန်ဆိုရပါမူ ထိုစာသင်ကျောင်းသစ်ကလေး တည်ဆောက်ခြင်းအစီအစဉ်မှာ ကြားဖြတ်ဝင်လာခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ ကျွနု်ပ်၏ စိတ်အတွင်း နှစ်ပေါင်းများစွာ သန္ဓေတည်ခဲ့သည်မှာ ဘုရားစေတီတစ်ဆူမှ မရှိသေးသည့် ကျွနု်ပ်တို့တုံးဖလားရွာလေးတွင် ဘုရားတစ်ဆူ တည်ထားကိုးကွယ် ပူဇော်ရန်ပင် ဖြစ်သည်။ သူတို့မသေခင် ဘုရားစေတီလေး ယုတ်စွအဆုံး ထုံးဖြူဖြူစေတီလေး တစ်ဆူလောက်တော့ ရွာမှာ ရှိနေတာကို မြင်သွားချင်ပါသည်ဟု ဆိုလာသည့် လူအချို့လည်း သေရွာသို့ တစ်ဝက် ပါသွားခဲ့ကြလေပြီ။ ထို့ကြောင့် စေတီဘုရားတည်ထားရန်သာ ငွေကြေးနည်းနည်းစီ စုလာခဲ့ပြီး ဆယ်စုနှစ်ခန့် ကျော်လာသည့်ခါ မိတ်ဆွေများ၏ ကူညီမှုဖြင့် သိန်းတစ်ရာ ငွေကြေးလေး လက်ထဲရောက်ရှိလာခဲ့ပါသည်။ ထိုငွေကြေးဖြင့် ဘုရားစေတီတစ်ဆူ တည်ထားနိုင်ပြီဟု ထင်မှတ်ပြီး ရပ်သူရွာသားများကို ဖွင့်ပြောလိုက်သော အခါ........ (ထိုအကြောင်းကို လလိတမုနိစေတီအကြောင်း ရေးရာ၌ အလျဉ်းသင့်သည့်အခါ ထည့်ရေးပါမည်)။

ဘုရားတည်ကြစို့ဟု လူကြီးသူမများကို ဖွင့်ပြောလိုက်သည့်အခါ စာသင်ကျောင်းလဲ တည်ထောင်ချင်တယ် ဘုရားလဲ တည်ထားပူဇော်ချင်တယ် ဟု သူတို့လိုချင်သည့် ဆန္ဒများကို ကျွနု်ပ်အား ဖွင့်ပြော လေတော့သည်။ ဒါဖြင့် စာသင်ကျောင်းဆောက်မှာတော့ ဟုတ်ပါပြီ ကျောင်းတစ်ဆောင် ဖြစ်ဖို့ ပျမ်းမျှနှုန်း ဘယ်လောက်ပမာဏ ငွေကြေးကုန်ကျမလဲ ဆိုတော့ ငွေကြေးအရမ်းကုန်ကျဖို့ မလိုပါဘူး တိုင်ထူ ထရံကပ် သက္ကယ်မိုးလိုက်ရင် လယ်တောတဲသာသာ ကျောင်းတစ်ဆောင်တော့ ဖြစ်နိုင်ပါတယ် ဟု ဆိုကြလေသည်။

စာသင်ကျောင်း တည်ထောင်ချင်သည့် သူတို့ကိုလည်း အပြစ်မဆိုသာ။ ကျွနု်ပ်တို့ တုံးဖလားရွာလေးသည် အိမ်ခြေအလွန်နည်းသည့်အတွက် ရွာနှင့်တစ်မိုင်ခန့်ဝေးသည့် ရွာသာယာရွာသို့သာ မှီခိုနေရလေသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်ကျော်လောက်က တုံးဖလားရွာ၌ ဘုန်းတော်ကြီးကျောင်းပင် မရှိသေးပေ။  ရွာသာယာဘုန်းကြီးကျောင်းကိုသာ ကိုးကွယ်ရလေ၏။ ထိုအခါကာလ၌ ထိုနယ်တစ်ဝိုက် ဘုန်းတော်ကြီးကျောင်းကို အုတ်တိုက်ကျောင်းအဖြစ် အပြိုင်အဆိုင် ဆောက်နေကြသည့် အချိန် ဖြစ်လေသည်။ ထိုသို့ အုတ်တိုက်ကျောင်းဆောက်နိုင်ရန်အတွက် တစ်အိမ်ဘယ်လောက် စသဖြင့် ပထမအရစ် ဒုတိယအရစ် စသဖြင့် အရစ်ပေါင်းစုံ ကောက်ခံလေ၏။ ရွာသာယာရွာက တစ်အိမ် တစ်ထောင်ဆိုလျှင် တုံးဖလားကလဲ တစ်အိမ်တစ်ထောင် ထည့်ရလေ၏။ သို့သော် ထိုကျောင်း နာမည်ပေါက်သည်မှာ ရွာသာယာကျောင်းဟုသာ ပေါက်လေ၏။

လုပ်အားငွေအားဖြင့် ခြစ်ချုပ်လုပ်နေရသည့် တုံးဖလားရွာသားများ ပင်ပန်းလာပြီး သူတို့စိတ်ထဲ အကြံတစ်ခု ပေါ်လာခဲ့လေသည်။ ထိုအကြံမှာ ငွေကြေးကုန်ကျတာချင်းအတူတူ ကိုယ့်ရွာကိုယ့်ဘုန်းကြီးကျောင်း တည်ထောင်ကိုးကွယ်ရလျှင် ပိုကောင်းမည် ဟူ၍ ဖြစ်သည်။ ထိုအချိန်က တုံးဖလားရွာ၌ အိမ်ခြေ ၂၇ အိမ်သာ ရှိလေသည်။ ထိုအချိန်မှစတင်ပြီး ဘုန်းတော်ကြီးကျောင်းကို စတင်ဆောက်လုပ်လာခဲ့ရာ နှစ်ပေါင်း ၂၀ လောက်ကြာမှ အပြီးသတ်နိုင်ခဲ့လေသည်။ ဆင်းရဲကြသည်ကိုး။

ယခုလည်း ထိုရွာသာယာရွာတွင် နဂိုမူလစာသင်ကျောင်းကို တိုးချဲ့ဆောက်လုပ်ပြန်လေပြီ။ ထိုအတွက် တုံးဖလားရွာသားတွေလဲ တစ်အိမ်ဘယ်လောက် စသဖြင့် ပထမအရစ် ဒုတိယအရစ် အသီးသီး ထည့်ဝင်ပြီးကြလေပြီ။ တတိယအရစ်ကိုပင်လျှင် အချို့တစ်ဝက် ထည့်ပြီးလေပြီ။ ထိုအခါ၌ အထက်ပါ ဘုန်းတော်ကြီးကျောင်း တည်ထောင်ခဲ့သည့် ပုံစံအတိုင်း တုံးဖလားရွာသားတွေ စိတ်ထဲ အကြံပေါ်လာကြပြန်လေပြီ။ ကိုယ့်ရွာကိုယ့်စာသင်ကျောင်း ဖြစ်မြောက်အောင် ဆောင်ရွက်ကြစို့ ဆိုသည့် အကြံပင် ဖြစ်သည်။

ထိုအစီအစဉ်နှင့် ကျွနု်ပ်၏ ဘုရားတည်ခြင်း လုပ်ငန်း ပက်ပင်းတိုးလေပြီ။
ဆန္ဒပြင်းပြ၍ စာသင်ကျောင်းတည်ထောင်ချင်ကြသော်လည်း သေချာမေးမြန်းကြည့်လိုက်သောအခါ ငွေကြေး အခြေအနေအရ လယ်တောတဲသာသာ နွားတင်းကုတ်သာသာ စာသင်ကျောင်းပုံစံမျိုးလေး တည်ဆောက်မည်ဟု သိရလေသည်။ ဟုတ်ပေမပေါ့။ အိမ်ခြေ ၃၈ အိမ်။ တစ်အိမ် ငါးသောင်းနှုန်းဖြင့် ကျပ်သိန်းနှစ်ဆယ်ဝန်းကျင်ခန့်မျှဖြင့် စာသင်ကျောင်းတစ်ဆောင် ဖြစ်အောင် လုပ်ကြမည် ဆိုသကိုး။ ထိုပုံစံမျိုး ဆောက်ပြီးလျှင် အုတ်ကာ သွပ်မိုးကျောင်းလေးဖြစ်ဖို့  စောင့်ပေဦးတော့ နောက်ထပ် နှစ်ပေါင်း ၂၀။

ထိုကဲ့သို့ နွားတင်းကုတ်သာသာ စာသင်ကျောင်းမျိုးကို ကျွနု်ပ်မနှစ်မြို့ပေ။ ယုတ်စွအဆုံး စာသင်ကျောင်း တစ်ဆောင်လုံး မပြီးနိုင်သည်ဘဲ ထားဦး။ စာသင်ကျောင်းပုံစံဆွဲပြီး ဖောင်ဒေးရှင်းလိုင်းကို အခိုင်အမာ ချထားနိုင်လျှင် နှစ်အနည်းငယ်အတွင်း တဖြည်းဖြည်းချင်း အုတ်တက်၍ အဆင်ပြေနိုင်သည် မဟုတ်ပါလား။  အကာကိုထရံကာ အမိုးကို သက္ကယ်မိုး။ တိုးတိုးပြီး ဆောက်လုပ်လျှင် ငါးနှစ်ငါးမိုးအတွင်း အုတ်ကာသွပ်မိုး စာသင်ကျောင်းလေး မွေးဖွားပေးနိုင်တန်သည် မဟုတ်လော။ 

သို့နှင့် ရွာသားတွေကို အစည်းအဝေးခေါ်ပြီး အုတ်မြစ်ချတာနှင့် ကျောင်းပုံစံ အကြမ်းပေါ်တဲ့အထိ ကျနော်တာဝန်ယူမယ် စာသင်ကျောင်းပုံစံကို သေချာဆွဲပြီးသာ ဆောက်ကြပေတော့။ အုတ်တက်တာ သွပ်မိုးတာကိုတော့ ရှေ့နှစ်တွေ ရှေ့နှစ်တွေမှ ဖြည်းဖြည်းလုပ်ကြတာပေါ့.. ဟု အကြံပေးပြီး ဘုရားတည်ခြင်း လုပ်ငန်းကို ခဏမျိုချထားလိုက်ပြီး စာသင်ကျောင်းဆောက်လုပ်ခြင်းလုပ်ငန်းကို ၂၀၁၄ခုနှစ် မတ်ခ်ျလမှာ စတင်ခဲ့ပါသည်။

တုံးဖလားရွာသားတွေ ကံကောင်းပါသည်။ ထိုစာသင်ကျောင်းအကြောင်းကို ဒေသအသီးသီးမှ ကျွနု်ပ်၏ မိတ်ဆွေများအား ဖွင့်ပြောပြလိုက်သည့်အခါ ၀မ်းသာအားရစွာဖြင့် ငွေကြေးအလှူအား ပညာဒါနအဖြစ် တတတ်တအား ပါဝင်ကြလေသည်။ သို့နှင့် တဆင့်တိုးပြီး သွပ်မိုးနိုင်သည့် အဆင့်ပင် ရောက်လာခဲ့ပါသည်။ အုတ်အခံစာသင်ကျောင်း အပေါ်က သွပ်မိုး နံရံအကာကတော့ ၀ါးထရံ။ လအနည်းငယ်အတွင်း တစ်ဝက်လောက် အောင်မြင်သွားခဲ့သည်။ ကျည်းဘောင်ခွေပြီး အုတ်တက်ရုံလောက်သာ လိုတော့သည်။ ရှိစေတော့ ကျည်းဘောင်ခွေ အုတ်တက်တာကိုတော့ ရှေ့နှစ်တွေမှာမှ အဆင်ချောလျှင် လုပ်ကြတာပေါ့။

ငွေကြေးမတတ်နိုင်သည့်ရွာပီပီ လုပ်အားပေးခြင်းဖြင့်သာ သူတို့၏ ဆန္ဒကို ဖော်ထုတ်ကြလေသည်။ နေ့နေ့ညည တစ်အိမ်တစ်ယောက်ဆိုပြီး ဆင့်ခေါ်လိုက်လျှင် မညီးမညူ လုပ်အား လာပေးကြသည်။ သူတို့ တတ်နိုင်သည်က လုပ်အားဘဲ မဟုတ်လား။ သူတို့ကပြောသည်။ ရပ်ရွာကောင်းကျိုးဆို လုပ်အား ကြိုက်သလောက်တောင်းပါ။ အချိန်မရွေးဘဲ.. တဲ့။

သူတို့ကံကောင်းကြပါသည်။
တစ်နေ့  စာရေးအရမ်းကောင်းသည့် မေဓာဝီခေါ် မေနန္ဒာနဲ့ အလ္လာပသလ္လာပ စကားပြောဖြစ်၏။ သူသည် အင်္ဂလန်ကနေပြန်သွားပြီး ရန်ကုန်ရှိ May International School ၌ ဦးစီးဦးဆောင် လုပ်ကိုင်နေလေ၏။ အလ္လာပသလ္လာပပြောရင်း တုံးဖလားစာသင်ကျောင်း ဆောက်လုပ်နေကြောင်း ပြောပြမိသည့်အခါ ဘာတွေလိုအပ်သေးလဲ အလှူပါဝင်ချင်ပါတယ်ဟု ဆိုလေ၏။ သူ၏ ရင်တွင်းကိန်းအောင်းနေသည့် စေတနာမျိုးစေ့လေးအား ရေစဉ်ရေပေါက်ဖျန်းပေးလိုက်ဘိသကဲ့သို့ ဖြစ်လေ၏။ အကျိုးအကြောင်းပြောပြလိုက်သည့်အခါ သူ့အမနဲ့ တိုင်ပင်ပြီး လှူမည်ဟု ၀မ်းသာစွာ ဆိုလာလေ၏။ ကျွနု်ပ်သည်လည်း ၀မ်းသာမဆုံး တပြုံးပြုံးပင်တည်း။

သူ၏ အမနှင့်တိုင်ပင်ပြီးသည့်အခါ  ကျောင်းတစ်ဆောင်လုံးပြီးဖို့ ဘယ်လောက် ထပ်လိုသေးလဲ စာရင်းလုပ်ပြီး ပြောပြပါ။ ကျောင်းတစ်ဆောင်လုံး ပြီးစီးအောင်မြင်အောင် ဖြည့်စည်းပေးမယ်ဟု ၀မ်းသာအယ်လဲ ပြောလေ၏။ ကျွနု်ပ်သည်လည်း ငုတ်တုတ်ထိုင်ရာကနေ အပေါ်ပျံတက်သွားသည့်နှယ် ဟာကနဲဟိုက်ကနဲ ပီတိတွေ ဖြာနေလေတော့၏။ 

တောချိုတောကြားက စာသင်ကျောင်းဆိုတော့ မျက်နှာကျက် လုပ်စရာမလို။ အောက်ခံ သမံတလင်းလဲ ဒီလောက် အရေးမကြီး။ မြေဖို့ပြီး သေချာညှိထားလျှင် သမံတလင်းအလား ကောင်းပါသည်။ အဓိက လိုအပ်နေတာက ကျည်းဘောင်ခွေပြီး အုတ်တက်ဖို့ တံခါးတွေ အသီးသီးလုပ်ဖို့။ ထိုအတွက် ကုန်ကျစရိတ်တွက်ကြည့်လိုက်သည့်အခါ ကျပ် သုံးဆယ့်ငါးသိန်းလောက် လိုအပ်နေကြောင်း အဖြေပေါ်လာ၏။ ချက်ချင်းပင် ထို ၃၅ သိန်းအား ကျွနု်ပ်၏ ညီတော်မောင် ဦးပဇင်းအား သူတို့၏ အိမ်ဂေဟာသို့ ပင့်ဖိတ်ကာ ရေစက်ချ လှူဒါန်းလေတော့၏။ သာဓု သာဓု သာဓုပါ မေဓာဝီ။ 

ထပ်ပြီး ကံကောင်းသည်မှာ ထိုတုံးဖလားရွာ စာသင်ကျောင်းဝင်းအတွင်း သုံးရေ သောက်ရေအတွက် ရေလှောင်ကန် ရေစုပ်မော်တာ ရေပိုက်စသဖြင့် ရေအလှူလှူမည့် စေတနာရှင် ပေါ်လာခြင်းပင် ဖြစ်လေ၏။ စာသင်ကျောင်းသည် တောင်ကမူထိပ်တွင် တည်ရှိသည့်အတွက် ရေရရှိရန် ခက်ခဲမှု ရှိလေသည်။ ထို့ကြောင့် အ၀ီစိတွင်းတူးပြီး ရေစုပ်မော်တာဖြင့် စုပ်တင်ရမည် ဖြစ်လေ၏။ 

ထို့ပြင် ဆရာဆရာမများနှင့် ကျောင်းသူကျောင်းများ အားလုံးအတွက် ကျောင်းဝတ်စုံများနှင့် တစ်နှစ်စာပတ်လုံး စာအုပ်စာတမ်းဖိုး အလှူရှင်များလည်း ပေါ်ပေါက်လာခဲ့ပါသည်။ ကံကောင်းလေစွ။ 

ထိုကဲ့သို့ မိတ်ဆွေကောင်းများ စေတနာရှင်များ၏ အကူအညီများဖြင့် ၂၀၁၄ မတ်ခ်ျလက စတင် ဆောက်လုပ်ခဲ့ရာ ၂၀၁၅ ဖေဖော်ဝါရီလ၌ တုံးဖလားရွာ ကိုယ်ထူကိုယ်ထ စေတနာရှင်များ၏ စာသင်ကျောင်းလေး ရုပ်လုံးပေါ် ပြီးစီးအောင်မြင်ခြင်းသို့ ရောက်ခဲ့လေတော့၏။ စေတနာရှင်များ အားလုံး ကိုယ်စိတ်နှစ်ဖြာ အေးမြကြည်လင်ပြီး ကျန်းမာချမ်းသာကြပါစေ။

တစ်ခုတော့ တောင်းပန်လိုပါသည်။ 
တုံးဖလားရွာလေးသည် တောင်သူယာလုပ် ဓါးမခုတ်များ ဖြစ်ကြသည့်အားလျှော်စွာ မိုးတွင်းကာလ၌ ကောက်စိုက်ပျိုးနှုတ်ခြင်းများဖြင့်လည်းကောင်း ဆောင်းကာလ၌ စပါးရိတ် တလင်းနှယ် အလုပ်များဖြင့် လည်းကောင်း ပြည့်နှက်နေသည့်အတွက် စာသင်ကျောင်းဆောက်လုပ်ခြင်းကိစ္စများ အနည်းငယ် ကြန့်ကြာခဲ့ရပါသည်။ ထို့ပြင် သစ်သားခွဲသားများ စိုနေသေးသည့်အတွက် ခြောက်ပြီး အသားသေသည်ထိ စောင့်နေရသောကြောင့်လည်း စာသင်ကျောင်း ဆောက်လုပ်ခြင်း နှောင့်နှေးခဲ့ရပါသည်။ အချိန်နဲ့တပြေးညီ ဖေ့စ်ဘုတ်ပေါ် တင်ပေးချင်သော်လည်း တုံဖလားရွာနဲ့ အင်တာနက်က မိုးနှင့်မြေပမာ ဝေးကွာလှသောကြောင့်လည်း မှတ်တမ်းဓါတ်ပုံများ ရရှိနိုင်ရန် အလွန်ခဲယဉ်းခဲ့ပါသည်။ ထိုအတွက် တောင်းပန်ပါသည်။ (ယခုတော့ ဓါတ်ပုံတစ်ပုံ အီးမေးလ်က ပို့လျှင် သုံးရာကျပ်နှုန်းဖြင့် တုံးဖလားရွာနဲ့ မိုင်နှစ်ဆယ်ခန့်ဝေးကွာသည့် ကောလင်းမြို့လေး၌ ၀န်ဆောင်မှုပေးနေပြီဟု သိရလေ၏)။

မည်သို့ပင်ဆိုစေကာမူ မိတ်ဆွေများ စေတနာရှင်များ၏ မစဖေးမမှုဖြင့် အိပ်မက်ပင် မမက်ဖူးခဲ့သည့် တုံးဖလားရွာစာသင်ကျောင်းလေး တစ်နှစ်အတွင်း နတ်တို့ဖန်တီးပေးခဲ့သည့်အလား ငွါးငွါးစွင့်စွင့် ကြွားကြွားဝင့်ဝင့် တုံးဖလားရွာတောင်ကုန်းထက်၌ ပေါ်ပေါက်လာခဲ့ပြီ ဖြစ်လေ၏။ လေအနှော့မှာ အသော့လေးသော့နေသည့် နိုင်ငံတော် အလံလေးသည်လည်း ကုန်းကမူအထက်မှာ တဖျတ်ဖျတ်လူးကာ လှချင်တိုင်းလှ ၀င့်ချင်တိုင်းဝင့်နေပြီး တုံးဖလားရွာလေးအား တိုးတက်ရာလမ်းသို့ ရှေးရှုခေါ်ဆောင်နေသယောင် ဖြစ်နေလေတော့သတည်း။ ။

...

အမှတ်ရတိုင်း မိမိလှူခဲ့သည့် အလှူအား သာဓုထပ်ခေါ်ပြီး ကုသိုလ်ထပ်ပွါးနိုင်ရန်အတွက် တုံးဖလားရွာ စာသင်ကျောင်းဖြစ်မြောက်ရေးအကျိုးဆောင်အဖွဲ့ ၏ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ လက်မှတ်တို့ကို ရယူပြီး ဂုဏ်ပြုလွှာလေးများ စီမံထားပါသည်။ အလှူရှင်များ ဒေါင်းလုပ်ဆွဲယူပြီး ကုသိုလ်ပွါးနိုင်ပါကြောင်း မေတ္တာပြုပြီး အသိပေးအပ်ပါသည်။ လိုဂိုနှင့်ဂုဏ်ပြုလွှာမှတ်တမ်းဒီဇိုဝ်းလေးအား မငြီးမငြူ စေတနာထား ဖန်တီးပေးခဲ့သည့် ဂျစ်တူး (မုံရွာ) အားလည်း အထူးပင် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါသည်။
....


ထိုတုံးဖလားရွာ စာသင်ကျောင်း၏ စေတနာရှင်များမှာ အောက်ပါအတိုင်းဖြစ်လေသည်။


၁။ အရှင်ဇနက (သန္တိသုခ၀ိဟာရ)၊ လန်ဒန်။ စတာလင်ပေါင်ငွေ ၅၀၀ (၈သိန်းကျပ်) (လွှဲပြီး)

၂ ။ ကိုကိုမောင် (ပန်းရနံ့) နှင့် မိတ်ဆွေများမှ မတည်ငွေ စတာလင်ပေါင်ငွေ မြန်မာကျပ်ငွေ ၂၀၇၀၀၀၀ (သိန်းနှစ်ဆယ်နှင့်ခုနစ်သောင်း)ကျပ်တိတိ + ၁၆၀၀၀၀၀ (ဆယ့်ခြောက်သိန်း= စုစုပေါင်း ၃၆၇၀၀၀၀ (သုံးဆယ့်ခြောက်သိန်း ခုနစ်သောင်း) (လွှဲပြီး)

၃ ။ ကိုဝေလင်းထွန်း+မစုစု၊ လန်ဒန်။ စတာလင်ပေါင်ငွေ    ၅၀၀ (၈သိန်းကျပ်) (လွှဲပြီး)

၎ ။အနန္တောအနန္တ မိဘနှစ်ပါးဖြစ်သော ဦးတင့်ဆွေ+ဒေါ်ဆွေဆွေလှတို့အား အမှူးထား၍ ....
Daw Wah Wah Tint Swe (Managing Director) 
Savoiemyanmar (Travels & Tours Co.Ltd)
Yangon, Myanmar...
 မှ မြန်မာကျပ်ငွေ ၁၃၀၀၀၀၀ (တစ်ဆယ့်သုံးသိန်းကျပ်)တိတိ (လွှဲပြီး)

၅ ။တုံးဖလားရွာသူရွာသားများအလှူ  မြန်မာကျပ်ငွေ  ၂၀၀၀၀၀၀ (သိန်းနှစ်ဆယ်) တိတိ (ပြီး)

၆။ အမေရိကန်နိုင်ငံရောက် မိဘနှစ်ပါးအား အမှူးထား၍ ရန်ကုန်မြို့ ဗဟန်းမြို့နယ်May International School (MIS)မှ ဦးဥာဏ်ဇော်ထွန်း + ဒေါ်မေယုလှိုင် နှင့် ဒေါ်မေနန္ဒာ (May Nandar) သားလေးကစ်ကစ်တို့မှ မြန်မာကျပ်ငွေ ၃၅၀၀၀၀၀ (သုံးဆယ့်ငါးသိန်း)တိတိ (လွှဲပြီး)

၇။ နှစ်ဘက်သော မိဘများအား အမှူးထား၍.. ကိုကျော်ခိုင်စိုး+မနွယ်နီဝင်း၊ လန်ဒန်တို့မှ အ၀ီစိတွင်း ရေမှုတ်စက် ရေကန် ရေပိုက်သည့် အလှူအတွက် ပဏာမ အလှူငွေ... စတာလင်ပေါင် ၅၀၀ (မြန်မာကျပ်ငွေဖြင့် ရှစ်သိန်းကျပ်) တိတိ။ (လွှဲပြီး)

၈ ။ နှစ်ဘက်သော မိဘများအား အမှူးထား၍ ကိုကျော်ခိုင်စိုး+မနွယ်နီဝင်း သားလေး Arthur WIN Soe (လန်ဒန်) တို့က စာသင်ကျောင်းဖြစ်မြောက်ရေးအတွက် အလှူငွေ စတာလင်ပေါင် ၅၀ (ငါးဆယ်ပေါင်) တိတိ။ (ကျပ်ငွေဖြင့် ၇၇၀၀၀) (လွှဲပြီး)

၉ ။ လန်ဒန်မြို့၊ မနန်းမိုဟွမ်) စတာလင်ပေါင် ၃၀ (ပေါင်သုံးဆယ်) တိတိ (ကျပ်ငွေဖြင့် ၄၆၂၀၀)။ (လွှဲပြီး)

၁၀။ အရှင်ဇနက (သန္တိသုခ၀ိဟာရ)၊ လန်ဒန် ။ ကျပ် ၁၀၀၀၀၀ (တစ်သိန်း) ကျပ် (ကျောင်းဝတ်စုံနှင့် စာအုပ်စာတမ်းဖို့ အလှူ) (လွှဲပြီး)

၁၁။ ကွယ်လွန်မိဘနှစ်ပါးဖြစ်သော ခမည်းတော်ကြီးဦးကျော်လှိုင်+မယ်တော်ကြီးဒေါ်ပွဲရင်၊ တုံးဖလားရွာ။ ၉၈၈၅၀ (ကိုးသောင်းရှစ်ထောင်ရှစ်ရာ့ငါးဆယ်) ကျပ် (ပြီး)

၁၂။ ကိုဝေလင်းထွန်း+မစုစု၊ လန်ဒန်တို့က စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ် တုံးဖလားရွာ၌ စတင်ဖွင့်လှစ်သည့် စာသင်ကျောင်းမှ ဆရာဆရာမ ကျောင်းသားကျောင်းသူများ အားလုံးအတွက် ကျောင်းဝတ်စုံတစ်စုံစီနှင့် တစ်နှစ်စာ စာအုပ်စာတမ်းအလှူ စတာလင်ပေါင် ၂၀၀ (ပေါင်နှစ်ရာ)တိတိ။ (ကျပ်ငွေဖြင့် ၃၀၈၀၀၀) (လွှဲပြီး)

၁၃။ ဆရာမဒေါ်ကြည်ကြည်အေး May International School (ရန်ကုန်)။ ၂၀၁၅/၂၀၁၆ ပညာသင်နှစ်အတွက် စာအုပ်စာတမ်းအလှူ ယူရိုငွေ ၅၀ (ငါးဆယ်) တိတိ (ကျပ်ငွေဖြင့် ၅၈၀၀၀) (လွှဲပြီး)


မှတ်တမ်း
သူကြီးမင်း (တုံးဖလား)
၀၂/၀၃၊၂၀၁၅ တနင်္လာနေ့

.

Tuesday 24 February 2015

ဖိတ်ခေါ်ပါသည် နိဗ္ဗာန်ရည်


ဘုရားတည်မှု၊ စပြုလေပြီ
ဝမ်သာကြည်နူး၊ ရွှင်မြူးမိသည်
ကာယဒါန၊ ပြုကြရွှင်ကြည်
လှူဒါန၊ ပြုကြပါရမီ။

အလှူရှင်များ၊ ဖိတ်ကြားပါသည်
ကြွရောက်လှူဒါန်း၊ မျှော်မှန်းရော်ရည်
စုပေါင်းအောင်ဆု၊ သွန်းပြုစေတီ
မြတ်ဒါန၊ ဖြည့်ကြပါရမီ။



စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်၊ တုံးဖလားရွာလေးသည် ကောလင်း-ပင်လည်ဘူး ကားလမ်းမပေါ်၌ တည်ရှိသည်။ ပင်လည်ဘူးမြို့နှင့် ကောလင်းမြို့သည် ခရီးမိုင် ၄၀ တိတိ ကွာဝေးလေသည်။ တုံးဖလားရွာလေးသည် ထို နှစ်မြို့အကြား အလည်တည့်တည့် ခရီးမိုင် ၂၀ ၌ တည်ရှိလေသည်။ ရွာသူရွာသားများသည် တောင်သူလယ်သမားများပီပီ လယ်ကိုသာ အားထားပြီး အသက်မွေးဝမ်းကြောင်းပြုကြသည်။ ထိုရွာ၌ ၂၀၁၅ ခုနှစ်စစ်တမ်းအရ အိမ်ခြေ ၃၈ အိမ်တိတိ ရှိလေသည်။ 

ဗုဒ္ဓဘာသာရွာပင်ဖြစ်လင့်ကစား ထိုတုံးဖလားရွာလေး၌ ဘုရားစေတီ တစ်ဆူမှ မရှိသေးပေ။ တောင်သူလယ်လုပ် ဓါးမခုတ်တို့ ဘ၀မို့ ဘုရားတစ်ဆူတည်ဖို့ အိပ်မက်ပင် မမက်ရဲသလောက်ဖြစ်သည်။ ဘုန်းတော်ကြီးကျောင်းကိုပင်လျှင် လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ဆယ်ခန့်မှ စတင်ပြီး တည်ဆောက် ကိုးကွယ်နိုင်ခဲ့ကြလေသည်။ ဘုန်းကြီးကျောင်းတစ်ဆောင်ပြီးစီးဖို့  နှစ်ပေါင်း ဆယ်နှစ်ကျော်ကျော် ကြာမြှင့်ခဲ့လေသည်။ စေတနာရှိကြပေမဲ့ အသပြာမဲ့ကြသူတွေ ဖြစ်သည်။ သူတို့ တတ်နိုင်သည်က လုပ်အားပင် ဖြစ်သည်။ လုပ်အားလိုလျှင်တော့ ညီညွတ်စွာ လုပ်ကိုင်လေ့ရှိကြသည်။ 

ယခုအခါ
သူတို့ အိပ်မက်ပင် မမက်ရဲခဲ့သည့် စေတီတော်တစ်ဆူ တုံးဖလားရွာဦးကျောင်းဝင်းအတွင်း၌ တည်ထားဖို့ အစပျိုးနေပြီဖြစ်သည်။ မတည်ငွေ သိန်းတစ်ရာ နှင့် ကျွန်ုပ်၏ မိတ်ဆွေများ၏ ကူညီလှူဒါန်းငွေနှစ်ရပ်ပေါင်းကာ စုစုပေါင်း သိန်း ၁၅၀ ကျပ် ၀န်းကျင်ဖြင့် စတင်နေပြီ ဖြစ်လေသည်။ တုံးဖလားရွာသူရွာသားများလည်း ကြည်နူးဝမ်းသာမှုအတိဖြင့် သူတို့ တတ်နိုင်သည့် လုပ်အားဒါနဖြင့် မညီးမညူ ကူညီ လုပ်ကိုင်နေကြပြီဖြစ်သည်။

ထိုတုံးဖလားရွာဦးကျောင်းအတွင်း တည်ထားကိုးကွယ်မည့် စေတီတော်ကို လလိတမုနိစေတီတော်မြတ် ဟု အမည်ပေးထားလေသည်။ တင့်တယ်သော အသရေရှိတော်မူသော မြတ်စွာဘုရား..ဟု အနက်အဓိပ္ဗါယ်ရှိလေသည်။ စေတီ မရှိဖူးသေးသည့် ထိုရွာ၌ ပထမဦးဆုံး ပေါ်ပေါက်လာသည့် စေတီဖြစ်သည့်အတွက် အလွန့်အလွန်ပင် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံပြီး တင့်တယ်သပ္ဗါယ်တော်မူမည်မှာ ပြောဖို့ လိုမည်ပင် မထင်ပေ။

ထို လလိတမုနိစေတီတော်မြတ်ကို ပုဂံရွှေစည်းခုံဘုရား ပုံစံ တည်ထားမည်ဖြစ်သည်။ ဥာဏ်တော်အမြင့်မှာ ၂၇ တောင်ဖြစ်သည်။ စေတီအောက်ပိုင်းကို ၃၂ပေ ပတ်လည် မုခ်ဖြင့် ခံ၍ ဆောက်မည်ဖြစ်သည်။ ထိုမုခ်ဆောက်ပြီးမှ အပေါ်ပိုင်း၌ စေတီဆက်တက်မည်ဖြစ်သည်။ စေတီတည်သည့်အခါ မူလစေတီကြီးအပြင် အရံစေတီ ၄ ဆူကိုလည်း ထောင့်လေးထောင့်၌ တည်ထားမည်ဖြစ်သည်။ စေတီအောက်ခံ မုခ်ပရ၀ုဏ်အတွင်း၌လည်း ပိန္နဲတိုင်ကို အလည်ထားပြီး ထိုပိန္နဲတိုင် လေးဘက်လေးတန်၌ ဥာဏ်တော် သုံးပေခွဲရှိ ကျောက်ဆင်းတုစေတီ ဓမ္မစကြာမုဒြာပုံစံ ၄ ဆူ ပူဇော်မည်ဖြစ်သည်။  ထိုမုခ်အ၀င်ဝ တံခါးမကို သံဘာဂျာတံခါးဖြင့် တံခါးပြုလုပ်မည် ဖြစ်သည်။ (အဆင်သင့်လျှင် ထိုမုခ်ခံပရ၀ုဏ်အတွင်း အထက်နံရံပတ်လည်တွင် နှစ်ကျိပ်ရှစ်ဆူ စေတီအငယ်လေးများ ပူဇော်ထားဖို့လည်း စိတ်ကူးထား၏)။ 

စေတီတည်မည့် ပန်းရံဆရာ များစွာတို့ထဲမှ ဈေးအသင့်ဆုံးဖြစ်သည့် ပန်းရံဆရာနဲ့ စာချုပ်ချုပ်ကာ လွန်ခဲ့သည့် တပေါင်းလဆန်း ၂ ရက် (၁၉ ၊၂၊ ၂၀၁၅) ကြာသပတေးနေ့၌ အနီးဝန်းကျင်ရှိ သံဃာတော်များ ပင့်ဖိတ်ကာ စေတီပန္နက်ချမင်္ဂလာပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ လာမည့် တပေါင်း လဆန်း ၁၀ ရက် (၂၇၊၂၊၂၀၁၅) သောကြာနေ့တွင် အုတ်မြစ်ချမင်္ဂလာပွဲကို ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ ထိုအုတ်မြစ်ချပွဲ၌ ရွှေအုတ် ၆ ချပ်၊ ငွေအုပ် ၆ ချပ်၊ မြအုတ် ၆ ချပ်၊ ပတ္တမြားအုတ် ၃ ချပ်.. စုစုပေါင်း အုတ် ၂၇ ချပ်ဖြင့် အုတ်မြစ်ချပူဇော်မည် ဖြစ်ပါသည်။ 

ပန်းရံဆရာ၏ တွက်ချက်မှုအရ လက်ခအပါအ၀င် စေတီကိုယ်လုံး (ရင်ပြင်မပါသေး) အားလုံး အပြီးအစီး အလှူငွေ သိန်း ၃၀၀ နှင့် ၃၅၀ ကြားဟု ပျမ်းမျှ ခန့်မှန်းထားပါသည်။ ယခု သိန်း ၁၅၀ ဖြင့် စတင်နေပြီ ဖြစ်ပါသည်။ 

ကံအားလျော်စွာ........

ဘုရားထီးတော် ( ၁၀ သိန်းနှင့် သိန်း ၂၀ ကြား)
အရံစေတီ ၄ ဆူ  (တစ်ဆူ ငါးသိန်းကျပ်)
ကျောက်ဆင်းတုစေတီ ၄ ဆူ (တစ်ဆူ ငါးသိန်းကျပ်)..
တို့အတွက် အလှူရှင် ပေါ်ပြီး ဖြစ်လေသည်။
အလှူငွေ အလုံအလောက်ပြည့်စုံမှုရှိလျှင် နှစ်လခွဲ သုံးလဖြင့် စေတီတော်ကို အပြီးသတ်မည်ဟု ဆိုပါသည်။ 

ထိုစေတီတည်ဆောက်မှုအတွက် ပျမ်းမျှအနေအားဖြင့်...

ဘိလတ်မြေအိတ် ........................ ၅၀၀ နှင့် ၈၀၀ ကြား
ထုံးအိတ်......................................၁၀၀ နှင့် ၁၅၀ ကြား
အုတ်အချပ်ရေ .............................၁၀၀၀၀၀ နှင့် ၁၅၀၀၀၀ ကြား
ကျောက် ......................................
သဲ ...............................................

အသုံးပြုရမည်ဟု ခန့်မှန်းထားပါသည်။

ထို့အတွက်ကြောင့် ထိုတုံးဖလားရွာဦးကျောင်းအတွင်း တည်ထားကိုးကွယ်မည့် လလိတမုနိစေတီတော်မြတ်အတွက် အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်လှူဒါန်းပြီး ဒါနပါရမီဖြည့်ချင်သူများအတွက် အုတ်တစ်ချပ် သဲတစ်ပွင့်မျှဖြင့် ဘုရားဒကာ ဘုရားဒကာမများ အသီးသီး ဖြစ်နိုင်စေရန်အလို့ငှါ နိဗ္ဗာန်ဆော်လုပ်လိုက်ရပါသည်။ ။

တုံးဖလားရွာအရောက် သယ်ယူခ အပါအ၀င်....

ဘိလပ်မြေ  တစ်အိတ်  ................၆၅၀၀ ကျပ်
ထုံးတစ်အိတ်..............................၃၂၀၀ ကျပ်
အုတ်တစ်ချပ် ..............................၆၀ ကျပ်
ကျောက် ကားတစ်စီး................... ၃၅၀၀၀ ကျပ်
သဲ ကားတစ်စီး............................၁၅၀၀၀ ကျပ်
ရွှေအုတ်..................................... စီမံနေဆဲ
ငွေအုတ်.....................................   ။
မြအုတ်.......................................   ။
ပတ္တမြားအုတ်  ............................   ။
သံဘာဂျာတံခါး .......................... မစုံစမ်းရသေး
.....

စေတီတော်တည်ဆောက်မှုအခြေအနေ ပြီးစီးမှု အခြေအနေဓါတ်ပုံမှတ်တမ်းတို့ကို အချိန်နဲ့ တပြေးညီ ဖေ့စ်ဘုတ်ပေါ်၌ တင်နိုင်စေရန် ကြိုးပမ်းပေးပါမည်။ သို့သော် တုံးဖလားရွာမှ မိုင် ၂၀ ခန့်ဝေးသည့် ကောလင်းမြို့သို့ သီးသန့်သွားပြီး ဓါတ်ပုံတစ်ပုံကို အီးမေးလ်ပို့ခ ကျပ် ၃၀၀ ဖြင့် ပို့ရသည့်အတွက် ဓါတ်ပုံပေါင်း မြောက်မြားစွာကိုတော့ တင်နိုင်မည်မထင်ပါ။ ထိုအတွက် တောင်းပန်ပါသည်။ အားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။ ။
......


ထိုစေတီတော် တည်ဆောက်မှုအတွက် ကနဦးအလှူရှင်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

၁။ အရှင်ဇနက (သန္တိသုခ၀ိဟာရ)၊ လန်ဒန်။ စတာလင်ပေါင် ၁၀၀၀ (၁၆ သိန်းကျပ်) (လွှဲပြီး)

၂။ ကိုကိုမောင် (ပန်းရနံ့) နှင့် မိတ်ဆွေများ။ မြန်မာကျပ်ငွေ ၁၀၀၀၀၀၀၀ (သိန်းတစ်ရာ) (လွှဲပြီး)

၃။ ကိုဝေလင်းထွန်း+မစူးစူး။ လန်ဒန်။ စတာလင်ပေါင် ၅၀၀ (၇၈၅၀၀၀ ကျပ်) လွှဲပြီး

၎။ အနန္တောအနန္တ မိဘနှစ်ပါးဖြစ်သော ဦးတင့်ဆွေ+ဒေါ်ဆွေဆွေလှတို့အား အမှူးထား၍ Daw Wah Wah Tint Swe (Managing Director) Savoiemyanmar (Travels & Tours Co.Ltd)Yangon, Myanmar...မြန်မာကျပ်ငွေ ၁၅၀၀၀၀၀ (ဆယ့်ငါးသိန်းကျပ်)တိတိ (လွှဲပြီး)

၅။ ဂျစ်တူး (မုံရွာ)။ စင်္ကာပူ။ မြန်မာကျပ်ငွေ ၁၀၀၀၀၀၀ (ဆယ်သိန်း) (လွှဲပြီး)

၆။ ဒေါက်တာမြင့်အောင်+ဒေါ်နှင်းနှင်းရီ။ ရန်ကုန်။ မြန်မာကျပ်ငွေ ၁၀၀၀၀ (တစ်သောင်း) (လွှဲပြီး)

၇။ မလေးရှားနိုင်ငံရောက် ဘလော့ဂါ ကဗျာဆရာ မင်းဧရာ (ဘမှုံ)မှ မြန်မာကျပ်ငွေ ၁၀၀၀၀၀ (တစ်သိန်းကျပ်) တိတိ (လွှဲပြီး)

၈ ။ စင်္ကာပူရောက် ကိုတိုးလွင်+မနန်းသိဂီ င်္ သား (အကြီးကောင်)တို့မှ မြန်မာကျပ်ငွေ ၈၆၈၀၀ (ရှစ်သောင်းခြောက်ထောင့်ရှစ်ရာကျပ်)တိတိ (လွှဲပြီး)

၉ ။ ဘလော့ဂါ မရွှေစင်ဦး မိသားစု၊ မန္တလေး မှ မြန်မာကျပ်ငွေ ၁၀၀၀၀၀ (တစ်သိန်းကျပ်) တိတိ (လွှဲပြီး)

၁၀။ ကရင်မလေး နော်နော်မှ မြန်မာကျပ်ငွေ ၁၅၀၀၀ (တစ်သောင်းငါးထောင်ကျပ်)တိတိ (လွှဲပြီး)

၁၁။ နှစ်ဘက်သော မိဘများအား အမှူးထား၍ ကိုကျော်ခိုင်စိုး+မနွယ်နီဝင်း၊ သားလေး အာသာဝင်းစိုး၊ လန်ဒန်၊ စတာလင်ပေါင်ငွေ ၁၀၀ (တစ်ရာ) တိတိ

၁၂။ ကျော်ကျော်လွင်+မိုးငယ်၊ သမီး သက်ကြည်ဖြူ၊ စံဝတီ၊ လန်ဒန်၊ စတာလင်ပေါင် ၃၀ (သုံးဆယ်) တိတိ

၁၃။ သမီးငယ်လေး  Sandra San (Birthday donation) လန်ဒန်။ စတာလင်ပေါင် ငွေ ၁၀၀ (တစ်ရာ)တိတိ

၁၄။ မောင်နေလင်းအောင်၊ လန်ဒန်။ စတာလင်ပေါင်ငွေ ၂၅ ပေါင်

၁၅။ မသီတာထွန်း၊ လန်ဒန်။ စတာလင်ပေါင်ငွေ ၂၅ ပေါင်
..............


ဆရာဇော်ဂျီ၏ "သင်သေသွားသော်" ဆိုသည့် ကဗျာလေးအား အလျင်းသင့်၍ ကူးယူဖော်ပြပေးလိုက်ပါသည်။ 

""သင်သေသွားသော်""
......
သြော်.... 
လူ့ပြည်လောက၊ လူ့ဘ၀ကား
အိုရနာရ၊ သေရဦးမည်
မှန်ပေသည်တည့်။

ထို့တပြီးကား၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။

သင်၏မျိုးသား၊ စာစကားလည်း
ကြီးပွါးတက်မြင့်၊ ကျန်ကောင်းသင့်၏။

သင်ဦးချ၍၊ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း၊ ပြောင်လျှက်ဝင်းလျှက် ကျန်စေသတည်း။

(ဆရာဇော်ဂျီ)

ကျေးဇူးအထူးတင်စွာဖြင့်
သူကြီးမင်း (တုံးဖလား)
၂၄၊၀၂၊၂၀၁၅  အင်္ဂါနေ့

.

.

Monday 15 December 2014

တုံးဖလားကျေးရွာ၌ တည်ထားကိုးကွယ်မည့် လလိတမုနိ စေတီတော် အလှူရှင်များ

၁။ အရှင်ဇနက (သန္တိသုခ၀ိဟာရ)၊ လန်ဒန်။ စတာလင်ပေါင် ၁၀၀၀ (၁၆ သိန်းကျပ်)။ (၁၆/၁၆ သိန်း အားလုံးလွှဲပို့ပြီး)။

၂။ ကိုကိုမောင် (ပန်းရနံ့) နှင့် မိတ်ဆွေများ။ မြန်မာကျပ်ငွေ ၁၀၀၀၀၀၀၀ (သိန်းတစ်ရာ)။ (၄၃+၄၆+၁၁=၁၀၀ /၁၀၀ သိန်းကျပ် လွှဲပို့ပြီး)။

၃။ ကိုဝေလင်းထွန်း+မစူးစူး။ လန်ဒန်။ စတာလင်ပေါင် ၅၀၀

၎။ အနန္တောအနန္တ မိဘနှစ်ပါးဖြစ်သော ဦးတင့်ဆွေ+ဒေါ်ဆွေဆွေလှတို့အား အမှူးထား၍ Daw Wah Wah Tint Swe (Managing Director) Savoiemyanmar (Travels & Tours Co.Ltd)Yangon, Myanmar...မြန်မာကျပ်ငွေ ၁၅၀၀၀၀၀ (ဆယ့်ငါးသိန်းကျပ်)တိတိ

၅။ ဂျစ်တူး (မုံရွာ)။ စင်္ကာပူ။ မြန်မာကျပ်ငွေ ၁၀၀၀၀၀၀ (ဆယ်သိန်း) (လွှဲပြီး)

၆။ ဒေါက်တာမြင့်အောင်+ဒေါ်နှင်းနှင်းရီ။ ရန်ကုန်။ မြန်မာကျပ်ငွေ ၁၀၀၀၀ (တစ်သောင်း) (လွှဲပြီး)

၇။ မလေးရှားနိုင်ငံရောက် ဘလော့ဂါ ကဗျာဆရာ မင်းဧရာ (ဘမှုံ)မှ မြန်မာကျပ်ငွေ ၁၀၀၀၀၀ (တစ်သိန်းကျပ်) တိတိ (လွှဲပြီး)

၈ ။ စင်္ကာပူရောက် ကိုတိုးလွင်+မနန်းသိဂီ င်္ သား (အကြီးကောင်)တို့မှ မြန်မာကျပ်ငွေ ၈၆၈၀၀ (ရှစ်သောင်းခြောက်ထောင့်ရှစ်ရာကျပ်)တိတိ (လွှဲပြီး)

၉ ။ ဘလော့ဂါ မရွှေစင်ဦး မိသားစု၊ မန္တလေး မှ မြန်မာကျပ်ငွေ ၁၀၀၀၀၀ (တစ်သိန်းကျပ်) တိတိ (လွှဲပြီး)

၁၀။ ကရင်မလေး နော်နော်မှ မြန်မာကျပ်ငွေ ၁၅၀၀၀ (တစ်သောင်းငါးထောင်ကျပ်)တိတိ (လွှဲပြီး)

၁၁။ နှစ်ဘက်သော မိဘများအား အမှူးထား၍ ကိုကျော်ခိုင်စိုး+မနွယ်နီဝင်း၊ သားလေး အာသာဝင်းစိုး၊ လန်ဒန်၊ စတာလင်ပေါင်ငွေ ၁၀၀ (တစ်ရာ) တိတိ

၁၂။ ကျော်ကျော်လွင်+မိုးငယ်၊ သမီး သက်ကြည်ဖြူ၊ စံဝတီ၊ လန်ဒန်၊ စတာလင်ပေါင် ၃၀ (သုံးဆယ်) တိတိ

၁၃။ သမီးငယ်လေး  Sandra San (Birthday donation) လန်ဒန်။ စတာလင်ပေါင် ငွေ ၁၀၀ (တစ်ရာ)တိတိ

၁၄။ မောင်နေလင်းအောင်၊ လန်ဒန်။ စတာလင်ပေါင် ၂၅ ပေါင် (နှစ်ဆယ့်ငါးပေါင်) တိတိ

၁၅။ မသီတာထွန်း၊ လန်ဒန်။ စတာလင်ပေါင်ငွေ ၂၅ ပေါင် (နှစ်ဆယ့်ငါးပေါင်) တိတိ

.

Wednesday 7 May 2014

တုံးဖလားရွာ ကိုယ့်အားကိုယ်ကိုး စာသင်ကျောင်း အလှူရှင်များ



 စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်၊ တုံးဖလားရွာလေးသည် ကောလင်း-ပင်လည်ဘူး ကားလမ်းမပေါ်၌ တည်ရှိသည်။ ပင်လည်ဘူးမြို့နှင့် ကောလင်းမြို့သည် ခရီးမိုင် ၄၀ တိတိ ရှိသည်။ တုံးဖလားရွာလေးသည် ထို နှစ်မြို့အကြား ခရီးမိုင် ၂၀ ၌ တည်ရှိလေသည်။ ရွာသူရွာသားများသည် တောင်သူလယ်သမားများပီပီ လယ်ကိုသာ အားထားပြီး အသက်မွေးဝမ်းကြောင်းပြုကြသည်။ ထိုရွာ၌ ၂၀၁၄ ခုနှစ်အရ အိမ်ခြေ ၃၈ အိမ်တိတိ ရှိလေသည်။ 

ထိုတုံးဖလားရွာလေး၌ ကိုယ်ပိုင်စာသင်ကျောင်း မရှိပေ။ ရွာ၏ အရှေ့ဘက် တစ်မိုင်ခန့် အကွာ၌ တည်ရှိသော ရွာသာယာကျေးရွာ မူလတန်းကျောင်းသို့ ကလေးများ ပင်ပင်ပန်းပန်းပန်း နေပူမရှောင် မိုးရွာမရှောင် သွားရောက်ပြီး ပညာသင်ယူကြရသည်။ တုံးဖလားရွာနှင့် မနီးမဝေး ရှစ်မိုင်ခန့်အတွင်း တည်ရှိသော ရွာငယ်လေးများ၌ပင် အစိုးရ စာသင်ကျောင်းများ အသီးသီး ရှိကြလေသည်။

ထို့ကြောင့် နောင်လာနောက်သား တုံးဖလားရွာ မျိုးဆက်သစ် ကလေးများ ကျောင်းပညာကို အလွယ်တကူ ချမ်းသာစွာ သင်ယူတတ်မြောက်နိုင်ရန် ရည်ရွယ်ပြီး တုံးဖလားရွာ၌ ကိုယ်ပိုင် စာသင်ကျောင်းဆောက်လုပ်ဖို့ ရပ်ရွာမိဘများ လူငယ်ခေါင်းဆောင်များက ကြိုးစားအားထုတ်ကြလေသည်။ ကျောင်းဆောက်၍ ပြီးစီးသွားလျှင် အစိုးရမူလတန်းကျောင်းအဖြစ်ရပ်တည်နိုင်အောင် ကြိုးစားအားထုတ်ကြမည် ဖြစ်သည်။ ယခုပင်လျှင် စတင် ဆောက်လုပ်နေပြီ ဖြစ်သည်။ ၂၀၁၄ ပညာသင်နှစ် (ဇွန်လ) မတိုင်မီ အပြီးသတ်နိုင်ရန် ရုန်းကန် နေကြပြီ ဖြစ်သည်။ 

 ဆောက်လုပ်မည့် စာသင်ကျောင်းပုံစံမှာ တစ်ထပ်ကျောင်း ဖြစ်သည်။ အုပ်ကာ သွပ်မိုးဖြစ်သည်။

ထိုစာသင်ကျောင်းသည် တုံးဖလားရွာ၏ ပထမဦးဆုံး စာသင်ကျောင်း ဖြစ်သည်နှင့်အညီ ရွာသူရွာသားများ ရန်ခုန်စွာ စိတ်လှုပ်ရှားစွာဖြင့် ကိုယ့်အားကိုယ်ကိုး ဆောက်လုပ်နေကြပြီဖြစ်သည်။ သူတို့၏ စကားသံများ မျက်လုံးများ၌ ကြည်နူးမှု အရိပ်အရောင်များ မြင်တွေ့နေရသည်။ ငွေကြေးရှားပါးလွန်းသည့် အရပ် ဖြစ်သည့်တိုင် တနိုင်တပိုင် လူအားကော ငွေအားပါ ပါဝင်ကြလေသည်။ အလှူရှင်ရှိလို့ကတော့ လုပ်အားပေးဖို့ အဆင်သင့်ဘဲ ဟု မျှော်လင့်စွာ သူတို့ တောင်းတကြလေသည်။ ယခုပင်လျှင် မနက်မိုးလင်းသည်နဲ့ တပြိုင်နက် စာသင်ကျောင်းဆောက်လုပ်ရေး လုပ်ငန်းသို့ အနည်းဆုံး တစ်အိမ်တစ်ယောက်  လုပ်အားပေးနေကြလေသည်။

ထို တုံးဖလားရွာ စာသင်ကျောင်း ဆောက်လုပ်ဖို့ လန်ဒန်မှ လွှဲအပ်ပေးပြီးသော ငွေပမာဏမှာ ယခုအချိန်ထိ  မြန်မာကျပ်ငွေ ၃၇၇၀၀၀၀၀ (သုံးဆယ့်ခုနစ်သိန်းနှင့်ခုနစ်သောင်း) တိတိ ဖြစ်လေသည်။ ထိုရွာသူရွာသားများ၏ စေတနာအလှူ   မြန်မာကျပ်ငွေ ၂၀၀၀၀၀၀ (သိန်းနှစ်ဆယ်)နှင့် ပေါင်းလျှင် စာသင်ကျောင်းဆောက်ဖို့အတွက် မြန်မာကျပ်ငွေ ၅၇၇၀၀၀၀ (ငါးဆယ့်ခုနစ်သိန်းနှင့်ခုနစ်သောင်း)တိတိ ရှိနေပြီ ဖြစ်သည်။ နောက်ထပ် ထိုပမာဏထက် မနည်းသော ငွေများ ထပ်လိုဦးမည်ဟု သိရသည်။ 

(ယနေ့ ၁၆.၀၅.၂၀၁၄ သောကြာနေ့အထိ အလှူငွေစုစုပေါင်း မြန်မာကျပ်ငွေ ၁၂၀၇၀၀၀၀ (သိန်းတစ်ရာ့နှစ်ဆယ်နှင့်ခုနစ်သောင်းကျပ်)တိတိ ကို လက်ခံရရှိပြီး ဖြစ်ပါသည်။ ကျောင်းဆောင် ရုပ်လုံးပေါ်အောင်ထိတော့ ဆောက်လုပ်နိုင်ပြီဟု ယူဆရပါသည်။)

ရပ်ရွာခေါင်းဆောင်ကို ဖုန်းဆက်မေးကြည့်သောအခါ ဖောင်ဒေးရှင်းချပြီးပြီဟု သိရသည်။ ယနေ့ တိုင်ထူမည်ဟုလဲ ပြောသည်။ တိုင်ထူပြီးလျှင် ကျောင်းကို အရိုးကြမ်းသဘောဆောက်လုပ်ပြီး သွပ်မိုးမည်ဟု ဆိုသည်။ ငွေ မနိုင်တော့သည့်အတွက် နံရံကို ၀ါးထရံများရိုက်ကပ်ပြီး ကျောင်းသစ်ဖွင့်ပွဲကို ထိုပုံစံဖြင့်သာ ဖွင့်လှစ်တော့မည်ဟု အားငယ်စွာ ပြောသည်။  ငွေအားတတ်နိုင်သည့် အချိန် ရောက်မှသာ ကျည်းဘောင်ခွေပြီး အုတ်နံရံ တက်တော့မည်ဟု ဆိုသည်။

ထို့ကြောင့် ပညာရေးလိုလားသူများအနေဖြင့် ထိုစာသင်ကျောင်း အချောသတ်ပြီးသည်အထိ ဆောက်လုပ်နိုင်ရန် အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်ကူညီနိုင်လျှင် ကူညီပေးကြဖို့ (အားနာစွာဖြင့်) ကုသိုလ်ရေးမို့ တောင်းဆိုပါသည်။

.............................................ဆက်သွယ်လှူဒါန်းရန်လိပ်စာ
...............အရှင်ဇနက..........................................................အရှင်ခေမာစာရ (တုံးဖလား)
.......//..သန္တိသုခ၀ိဟာရ............................................................(နည်းပြ၊ ၀ိနယဌာန)
.............ဟောင်းစလိုး...............................အပြည်ပြည်ဆိုင်ရာထေရ၀ါဒသာသနာပြုတက္ကသိုလ်
...............လန်ဒန်မြို့................................................................မရမ်းကုန်းမြို့နယ်၊ ရန်ကုန်
....ဖုန်း...၀၇၇၄၀၉၈၃၉၄၂.......................................................ဖုန်း...၀၉၅၄၀၀၇၆၇
..Email: venjanaka@gmail.com      .......................Email: khemacara75@gmail.com


အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
မေတ္တာဖြင့်
သူကြီးမင်း (တုံးဖလား)

.
 လက်ခံပြီးသမျှ အလှူရှင်များမှာ.....

၁။ အရှင်ဇနက (သန္တိသုခ၀ိဟာရ)၊ လန်ဒန်။ စတာလင်ပေါင်ငွေ ၅၀၀ (၈သိန်းကျပ်) (လွှဲပြီး)

၂ ။ ကိုကိုမောင် (ပန်းရနံ့) နှင့် မိတ်ဆွေများမှ မတည်ငွေ စတာလင်ပေါင်ငွေ မြန်မာကျပ်ငွေ ၂၀၇၀၀၀၀ (သိန်းနှစ်ဆယ်နှင့်ခုနစ်သောင်း)ကျပ်တိတိ + ၁၆၀၀၀၀၀ (ဆယ့်ခြောက်သိန်း= စုစုပေါင်း ၃၆၇၀၀၀၀ (သုံးဆယ့်ခြောက်သိန်း ခုနစ်သောင်း) (လွှဲပြီး)

၃ ။ ကိုဝေလင်းထွန်း+မစုစု၊ လန်ဒန်။ စတာလင်ပေါင်ငွေ    ၅၀၀ (၈သိန်းကျပ်) (လွှဲပြီး)

၎ ။အနန္တောအနန္တ မိဘနှစ်ပါးဖြစ်သော ဦးတင့်ဆွေ+ဒေါ်ဆွေဆွေလှတို့အား အမှူးထား၍ ....
Daw Wah Wah Tint Swe (Managing Director)
Savoiemyanmar (Travels & Tours Co.Ltd)
Yangon, Myanmar...
 မှ မြန်မာကျပ်ငွေ ၁၃၀၀၀၀၀ (တစ်ဆယ့်သုံးသိန်းကျပ်)တိတိ (လွှဲပြီး)

၅ ။တုံးဖလားရွာသူရွာသားများအလှူ  မြန်မာကျပ်ငွေ  ၂၀၀၀၀၀၀ (သိန်းနှစ်ဆယ်) တိတိ (ပြီး)

၆။ အမေရိကန်နိုင်ငံရောက် မိဘနှစ်ပါးအား အမှူးထား၍ ရန်ကုန်မြို့ ဗဟန်းမြို့နယ်May International School (MIS)မှ ဦးဥာဏ်ဇော်ထွန်း + ဒေါ်မေယုလှိုင် နှင့် ဒေါ်မေနန္ဒာ (May Nandar) သားလေးကစ်ကစ်တို့မှ မြန်မာကျပ်ငွေ ၃၅၀၀၀၀၀ (သုံးဆယ့်ငါးသိန်း)တိတိ (လွှဲပြီး)

၇။ နှစ်ဘက်သော မိဘများအား အမှူးထား၍.. ကိုကျော်ခိုင်စိုး+မနွယ်နီဝင်း၊ လန်ဒန်တို့မှ အ၀ီစိတွင်း ရေမှုတ်စက် ရေကန် ရေပိုက်သည့် အလှူအတွက် ပဏာမ အလှူငွေ... စတာလင်ပေါင် ၅၀၀ (မြန်မာကျပ်ငွေဖြင့် ရှစ်သိန်းကျပ်) တိတိ။ (လွှဲပြီး)

၈ ။ နှစ်ဘက်သော မိဘများအား အမှူးထား၍ ကိုကျော်ခိုင်စိုး+မနွယ်နီဝင်း သားလေး Arthur Win Soe (လန်ဒန်) တို့က စာသင်ကျောင်းဖြစ်မြောက်ရေးအတွက် အလှူငွေ စတာလင်ပေါင် ၅၀ (ငါးဆယ်ပေါင်) တိတိ။ 

၉ ။ လန်ဒန်မြို့၊ မနန်းမိုဟွမ် စတာလင်ပေါင် ၃၀ (ပေါင်သုံးဆယ်) တိတိ။ 

၁၀။ အရှင်ဇနက (အင်္ဂါမောင်)၊ လန်ဒန် ။ ၁၀၀၀၀၀ (တစ်သိန်း) ကျပ် (လွှဲပြီး)

၁၁။ ကွယ်လွန်မိဘနှစ်ပါးဖြစ်သော ခမည်းတော်ကြီးဦးကျော်လှိုင်+မယ်တော်ကြီးဒေါ်ပွဲရင်၊ တုံးဖလားရွာ။ ၉၈၈၅၀ (ကိုးသောင်းရှစ်ထောင်ရှစ်ရာ့ငါးဆယ်) ကျပ် (ပြီး)

၁၂။ ကိုဝေလင်းထွန်း+မစုစု၊ လန်ဒန်တို့က စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ် တုံးဖလားရွာ၌ စတင်ဖွင့်လှစ်သည့် စာသင်ကျောင်းမှ ဆရာဆရာမ ကျောင်းသားကျောင်းသူများ အားလုံးအတွက် ကျောင်းဝတ်စုံတစ်စုံစီနှင့် တစ်နှစ်စာ စာအုပ်စာတမ်းအလှူ စတာလင်ပေါင် ၂၀၀ (ပေါင်နှစ်ရာ)တိတိ။

၁၃။ ဆရာမဒေါ်ကြည်ကြည်အေး May International School (ရန်ကုန်)။ ၂၀၁၅/၂၀၁၆ ပညာသင်နှစ်အတွက် စာအုပ်စာတမ်းအလှူ ယူရိုငွေ ၅၀ (ငါးဆယ်) တိတိ


မှတ်ချက်။
အောက်ပါဖေ့စ်ုဘုတ်လင့်နှင့်ယူကျုလင့်တို့မှာ ဓါတ်ပုံများနှင့်ရုပ်သံဖိုင်များကို ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။

https://www.facebook.com/ilovetonebalar

https://www.youtube.com/watch?v=p1yHJF5YHRY


.


Thursday 1 May 2014

တုံးဖလားရွာ (အဲဒီနေရာလေး)


အဲဒီ နေရာလေးမှာ
ကြယ်တွေ စုံခဲ့ဖူးတယ်။ ကြယ်တွေ ကြွေခဲ့ဖူးတယ်။ သိုက်သိုက်ဝန်းဝန်း ကြည်နူးခဲ့ဖူးတယ်။ ရက်ရက်စက်စက် ကြေကွဲခဲ့ဖူးတယ်။ မိသားစုလိုက် ငိုရှိုက်ခဲ့ဖူးတယ်။ အဖော်မဲ့ ကြိတ်ငိုခဲ့ဖူးတယ်။ သောင်းသောင်းဖျဖျ ပျော်ခဲ့ဖူးတယ်။ အထီးကျန် ပြုံးခဲ့ဖူးတယ်။ ထမင်းလက်ဆုံ စားခဲ့ဖူးတယ်။ ရေအတူ သောက်ခဲ့ဖူးတယ်။ အဲဒီလို ကြယ်တွေ စုံလိုက် ကြယ်တွေ ကြွေလိုက် ကြည်နူးလိုက် ကြေကွဲလိုက် ၀မ်းနဲလိုက် ၀မ်းသာလိုက် ပြုံးလိုက် မဲ့လိုက် ငိုလိုက် ရယ်လိုက်နဲ့ မိသားစုဘ၀သံသရာ ရထားကြီး အတူတူစီးခဲ့ဖူးတယ်။

အဲဒီ ကမူလေးပေါ်မှာ စိမ်တမ်း ပြေးခဲ့ဖူးတယ်။ အဲဒီ ချောင်းလေးထဲမှာ နှာခေါင်းပိတ်ပြီး ရေကူးခဲ့ဖူးတယ်။ အဲဒီ စပါးပင်တောထဲမှာ တူတူပုန်းတမ်း ကစားခဲ့ဖူးတယ်။ အဲဒီ စပါးရိုးလေးတွေနဲ့ ပီပီ အပြိုင်မှုတ်ခဲ့ဖူးတယ်။ အဲဒီ စပါးပင်လေးတွေကို ရိတ်သိမ်းခဲ့ဖူးတယ်။ အဲဒီ လယ်ကွင်းစပ်မှာ ကောင်းဘွိုင်လုပ်ခဲ့ဖူးတယ်။ အဲဒီ စပါးပင်တွေကို ရိတ်ရင်း သီချင်းအော်ဆိုခဲ့ဖူးတယ်။ အဲဒီ လယ်ကန်သင်းလေးပေါ် လျှောက်ပြီး တစ်ဘက်က ရွာဆီ ကျောင်းတက်ခဲ့ဖူးတယ်။ အဲဒီ စပါးရနံ့လေးတွေ အောက်မှာ ပျော်ပျော်ကြီး လမ်းလျှောက်ခဲ့ဖူးတယ်။

အဲဒီ ထိုးထိုးထောင်ထောင် အိမ်လေးတွေဟာ ဟိုတုန်းက အ၀တ်မ၀တ်ကြဘူး။ သစ်ရွက် သစ်ခက်တွေဘဲ ၀တ်ထားကြတယ်။ သွပ်တွေကို ခေါင်းပေါ်မတင်ကြဘူး။ သက်ကယ်တွေကိုဘဲ ဦးထုပ်လုပ်ဆောင်းကြတယ်။ သစ်မာတွေနဲ့ အလှမဆင်ကြဘူး။ ၀ါးခြမ်းစိပ်တွေနဲ့ဘဲ ခြယ်သကြတယ်။ အင်္ဂတေ အုတ်ချပ်ကို ဖိနပ်လုပ်မစီးကြဘူး။ မြေသားမြေလွှာအတိုင်းဘဲ နေကြတယ်။ ကွန်ကရစ် ခြေထောက်တွေ မရှိကြဘူး။ ရိုးရိုးအသားခြေထောက်တွေနဲ့ဘဲ ကြံ့ကြံ့ခံခဲ့ကြတယ်။

အဲဒီနေရာလေးမှာ
အချိန်က လူတွေကို စားခဲ့ဖူးတယ်။ အချိန်ကဘဲ လူတွေကို ပွါးခဲ့ဖူးတယ်။ အဲဒီအချိန်ကဘဲ လူတွေနဲ့ သေတမ်းရှင်တမ်း ကစားခဲ့ဖူးတယ်။ မွဲတမ်းဋ္ဌေးတမ်း ကစားခဲ့ဖူးတယ်။ မဲ့တမ်းပြုံးတမ်း ကစားခဲ့ဖူးတယ်။ ငိုတမ်းရယ်တမ်း ကစားခဲ့ဖူးတယ်။ ကွဲတမ်းဆုံတမ်း ကစားခဲ့ဖူးတယ်။ အဲဒီလို အချိန်ရဲ့ ကစားမှု အောက်မှာ ကျနော်တို့ မိသားစုလေး သေကွဲရှင်ကွဲ ကွဲခဲ့ဖူးတယ်။

အဲဒီနေရာလေးမှာ
နေသာခဲ့ဖူးတယ်။ မိုးရွာခဲ့ဖူးတယ်။ မြူ ထခဲ့ဖူးတယ်။ ဆီးနှင်းဝေခဲ့ဖူးတယ်။ စိမ်းလန်းစိုပြေခဲ့ဖူးတယ်။ သွေ့ခြောက်ပူပြင်းခဲ့ဖူးတယ်။ ယက်ကန်းခတ်သံ ပျံ့လွင့်ခဲ့ဖူးတယ်။ မောင်းထောင်းသံ ကြားခဲ့ရဖူးတယ်။ ကျေးငှက် မြည်သံ နားထောင်ခဲ့ရဖူးတယ်။ ကြက်တွန်သံ နားစွင့်ခဲ့ဖူးတယ်။ ရယ်မောသံတွေ ညံခဲ့ဖူးတယ်။ ငိုကြွေးသံတွေ လျှံခဲ့ဖူးတယ်။ အမုန်းတွေ သေခဲ့ဖူးတယ်။ အပြုံးတွေ ဝေခဲ့ဖူးတယ်။

အဲဒီ နေရာဟာ ကျနော်တို့ရွာ.. တုံးဖလားရွာဘဲပေါ့။


.

Thursday 28 February 2013

သားသားမီးမီးတို့အတွက် ကဗျာ

သားသားမီးမီး ခုချိန်ခါ
တက်ခေတ်ရောက်လို့လာ
တုံးဖလားရွာ ကဗျာသွင်း
မောင်မယ်မျက်နှာ ပြုံးရွှင်ဝင်း။

မျက်လုံးနှစ်ဘက် ဘာလို့ပါ
စဉ်းစားတွေးကြည့်ပါ
တစ်ဘက်မြင်ရာ ပယ်ကာရှင်း
နှစ်ဘက်မြင်မှ မှန်ကန်ခြင်း။

နားရွက်နှစ်ခု ဘာလို့ပါ
စဉ်းစားတွေးကြည့်ပါ
တစ်ဘက်ကြားရာ ဖယ်ခွါရှင်း
နှစ်ဘက်ကြားမှ အမှန်ချဉ်း။

နှာခေါင်းနှစ်ပေါက် ဘာလို့ပါ
စဉ်းစားတွေးကြည့်ပါ
တစ်ဘက်ပိတ်ရာ သက်ရှူကျဉ်း
တစ်ဘက်ကူမှ အနံ့ရှင်း။

လက်များနှစ်ခု ဘာလို့ပါ
စဉ်းစားတွေးကြည့်ပါ
တစ်ဘက်ညောင်းရင် တစ်ဘက်ဆင်း
နှစ်ဘက်ရှိမှ အားတွေတင်း။

ခြေထောက်နှစ်ခု ဘာလို့ပါ
စဉ်းစားတွေးကြည့်ပါ
တစ်ဘက်မောရင် တစ်ဘက်နင်း
ခြေထောက်နှစ်ဘက် လွန်ရိုင်းပင်း။

သားသားမီးမီး မောင်မယ်ရာ
ချင်းချင်းညီညွတ်ပါ
ညီညွတ်မှုဟာ အောင်မြင်ခြင်း
မောင်မယ်ဘ၀ ထွန်းတောက်လင်း။

တုံးဖလား ကိုကိုမောင် 
(၂၈၊ ၀၂၊ ၂၀၁၃ ကြာသပတေးနေ့ ၁၈း၀၉ နာရီ)


.